မိုးမိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးမိတ် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လက်ခုပ်တန်း ရပ်ကွက်အတွင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင့်သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် မိမိကိုယ်ကိုနှင့် ကာကွယ်ဆေးထိုးနှံရန် အသက်မပြည့်သေးသည့် ကလေးငယ် များအား ကိုဗစ်ကူးစက်မှုမှ ပူးပေါင်းပါဝင်ကာကွယ်ကြပါရန်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့အိမ်တွင်း၌ သာနေထိုင်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်၊ နှာခေါင်းစည်း (MASK) များကိုတပ်ဆင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါပိုး ရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့  အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြရန်နှင့် ကျန်းမာရေးဌာနမှထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်အသိပညာပေး ဆော်ဩခဲ့ကြကြောင်း သိရသည်။

စည်သူဌေး