မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမ နေ့ဆက်လက်ထိုးနှံပေး

အထက်မင်းလှ  အောက်တိုဘာ  ၁၃

မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဆေး ပဉ္စမနေ့ဆက်လက်ထိုးနှံပေးခြင်းကိုယနေ့နံနက် နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင်  မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ်များ ကျန်းမာရေးဝန်ကြီးဌာန၏     ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ      ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ       ၊ စာရေးဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   မင်းလှမြို့နယ်တွင် အသက် ၁၈နှစ်အထက်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် ဆေးအလုံးရေ ၂၇၉၀ လုံးရရှိထားပြီး လူဦးရေ ၁၃၉၅၀ ဦးထိုးနှံပေးသွားမည် ဖြစ်သည်။

မင်းလှမြို့နယ်၌အသက် ၁၈နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ ရက်နေ့ကစတင်ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၂ ရက်နေ့အထိ ဆေးထိုးသတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၈၅၃၅ ဦး ထိုးနှံပြီးဖြစ်ရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။       

ဇာဇာ