ရွှေသောင်ယံ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စတင်၍ ရွှေသောင်ယံ တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ ကိုဗစ်- ၁၉ စစ်ဆေးရေး Center ၌ RDT- Test ဖြင့်စစ်ဆေးပေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရွှေသောင်ယံကမ်းခြေရှိ Lai Lai Hotle၊ ဟိုတယ် ရွှေသောင်ယံနှင့် D&W ဟိုတယ်( ၃) လုံးတို့မှ ဝန်ထမ်း (၆၉)ဦးတို့ကို စစ်ဆေးခဲ့ရာ ဝန်ထမ်းအားလုံး ကိုဗစ် -၁၉ ရောဂါပိုး ကင်းစင်ကြောင်း ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံ တာဝန်ခံထံမှသိရသည်။ အဆိုပါ စစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းနော်နော်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေကြည်