မန်တုံမြိုနယ်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန်တုံ  အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးတေဇာလင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်း စာစောင်စောင်ရေ (၂၅၀) စောင်များကို ယနေ့နံနက်ပိုင်းက  လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင်လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ချက်များ၊ ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်ပေးမည့်လုပ်ငန်း()ရပ် ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လိုအပ်သည့်အချက် အလက်များ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စု လူဦးရေ စာရင်း အတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် ပါဝင်ရမည့် အချက်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများစသည့် အကြောင်းအရာများပါဝင်ကြောင်းသိရသည်။

လက်ကမ်း စာစောင်ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားလူတိုင်း ကိုင်ဆောင်နိုင်ရေးအတွက်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သောအချက် အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် လက်ကမ်း စာစောင်စောင်ရေ (၂၀၀)စောင်ဖြန့်ဝေပေး ခဲ့ကြောင်းအဆိုပါမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။   

ထို့ပြင်မြို့နယ်ရုံးတွင်နိုင်ငံတော်မှသတ်မှတ်ပေးသည့် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများအား ရုံးဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရုံးလုပ်ငန်းချိန်အတွင်းအိမ်ထောင်စုလူဦးရေစာရင်း၌မွေးတိုး၊ သေဆုံးစာရင်းပြုလုပ်ပေးခြင်းနိုင်ငံသားစိစစ် ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက် ပြုလုပ်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မန်တုံ (ပြန်/ဆက်)