မိုင်းငေါ့ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က (Youth Club) လူငယ်အသင်းဖြင့် စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိရန်၊ စာပေအကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နန်းစောမွန်သန့်က လူငယ်နှင့်ကိုယ်ချင်းစာစိတ်၊ နန်းသန္တာအောင်က လူငယ်နှင့် တည်ဆောက်မှု၊ မရတနာက ခေါင်းဆောင်တင်ထိုက်သူ၊ မတူးတူးမော်က လူငယ်နှင့်စိတ်ကြီး ဝင်ခြင်း၊ နန်းအိဖောင်က တာဝန်ကိုယ်စီရှိကြသည်၊ စိုင်းအောင်ဇော်ဦးက ကူညီသော လက်များ စသည့်ခေါင်းစဉ် အသီးသီးတို့ကိုဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြ ပြီးစာဖတ်ဝိုင်းကို တစ်လလျှင် (၁) ကြိမ် ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)