ပန်း​တောင်းမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းနေအရွယ်ကလေးတိုင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျောင်းများ၌ ဆောင်ရွက်ထားရှိမှု အခြေအနေများ တွေ့ဆုံမေးမြန်း

ပန်းတောင်း အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေအား ဒုတိယပညာရေးမှူး ဦးမြင့်ဆွေနှင့် တွေ့ဆုံ၍ ယခုလို မေးမြန်းခဲ့သည်။

မေး။ ဆရာကြီး၏ အမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။

ဖြေ။ ဆရာကြီးကတော့ ပန်းတောင်းမြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်ဆွေ ဖြစ်ပါတယ်။

မေး။ ဆရာကြီးတို့ရဲ့ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင်။

ဖြေ။ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသား/သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အသက်(၁၂)နှစ်နှင့်အထက် ဖြစ်စေရေး စိစစ်ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံ ပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း(၈၅)ကျောင်း၊ NFPE ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၈၇)ကျောင်းရှိပြီး အသက် (၁၂)အထက်ဆေးထိုးမည့် ကျောင်းသားဦးရေ အထက်တန်းအဆင့် (၁၃၇၃)ဦး၊ အလယ်တန်းအဆင့်(၄၇၀၆)ဦး၊ NFPE (၉)ဦး၊ ကာကွယ်ဆေးထိုးသွားမည်ဖြစ်ပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများရဲ့ စာရင်းပြုစုခြင်း၊ ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများရဲ့ အုပ်ထိန်းသူ မိဘများ၏ ဆေးထိုးရန် သဘောတူညီချက်ရရှိရေး ကြိုတင်ဆောင်ရွက် ထားရှိခြင်း၊ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆေးထိုးစုရပ်ရှိတဲ့ ကျောင်းမှာ ဗီနိုင်းများ ကပ်ထားပေးခြင်း၊ စသည်တို့ကို သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ် ဆရာကြီးများနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ထားရှိသည်။

မေး။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမဲ့ စုရပ်နေရာလေးတွေ သိပါရစေရှင်။

ဖြေ။ အထက(ပန်းတောင်း)၊ အထက(ဆင်တဲ)၊ အထက(ဥသျှစ်ပင်)၊ အထက(ထုံးဘို)၊ အထက(ဂုံညှင်းတန်း)၊ အထက(ရှားဖြူကွင်း)၊ အထက(ပဲကြီး)၊ အထက(ကျောင်းဦး) စုစုပေါင်း (၈)နေရာ ရှိပါတယ်။

မေး။ ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင်။

ဖြေ။ မိဘပြည်သူသိရှိနိုင်ရန် ကြော်ငြာဆိုင်းဘုတ်များ ကပ်ခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဖွဲ့များ အကူအညီဖြင့် အသိပေး ကြော်ငြာခြင်းများ ဆောင်ရွက်ထားရှိသည်။

မေး။ မကြာခင်မှာ အခြေခံပညာကျောင်း များတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ဆရာကြီးတို့အနေနဲ့ ဆောင်ရွက်ထားရှိမှု အခြေ အနေကို သိချင်ပါတယ်ရှင်။

ဖြေ။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အဆင့်သင့်ဖြစ်နေစေရန် ဌာနမှ လမ်းညွှန်ချက်များနှင့်အညီ Version 4.0 ဆန်းသစ်လွှာ ပုံစံတွင် ပါရှိသော အချက်အလက် များအား လိုက်နာဆောင်ရွက်ထားရှိစေရေး ကြိုတင်အသိပေးပြင်ဆင်ထားပြီး ဖြစ်ပါသည်။

မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကိုလည်း ကြားပါရစေရှင်။

ဖြေ။ အသက်(၁၂)နှစ်ပြည့်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ အားလုံး ရောဂါဘယ ကင်းဝေးပြီး အေးချမ်းသာယာစွာ ပညာသင်ကြားခွင့်ရရှိမှာဖြစ်တဲ့ အတွက် အထူးဝမ်းမြောက်မိပါတယ်။

မေး။ ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ကြားသိပါရစေရှင်။

ဖြေ။ ကာကွယ်ဆေး မထိုးသင့်သူများမှ အပ ကျန်တဲ့အသက်(၁၂)နှစ် ပြည့်ပြီးသူများအားလုံး ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း မိဘ/အုပ်ထိန်းသူများကို တိုက်တွန်းပြောကြားလိုပါတယ်။

အခြေခံပညာကျောင်းများမှာ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနဲ့ ကျောင်းပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတွေကို ဖြေကြား ပေးတဲ့ ဆရာကြီးအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။

သင်းသင်းအေး(မြို့နယ် ပြန်/ဆက်)