မိုင်းလုံမြို့ “ဖြူစင်မေတ္တာပရဟိတ” အသင်းအား အောက်စီဂျင်အိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

မိုင်းလုံ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြု ရန် ယနေ့နံနက်()နာရီအချိန်က ဖြူစင်မေတ္တာပရဟိတအသင်းထံ အလှူရှင်များက အောက်စီဂျင်အိုး၊ ကိုဗစ်-ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မိုင်းလုံမြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင်အသုံးပြုရန်  အဘွားမွန်းနှင့် သမီးဒေါ်စန်းရီ (အထက်ရပ်ကွက်)မှ  အောက်စီဂျင်အိုး (၁) လုံး၊ နန်းအိအိမွန် (အလယ်ရပ်ကွက်)မှ အောက်စီဂျင်အိုး(၁)လုံး၊ ကိုတင်ရှင်း+မအေးမြ မိသားစု (စျေးရပ်ကွက်)မှ PPE Level(2)အစုံ(၂၀)၊PPE Level(3)(၅)စုံ၊ Mask(၂၀)ဗူး၊ လက်အိတ်(၂)ဗူး နှင့် ကိုတိုး+မခင်ညိုခိုင် မိသားစု(နမ့်ပိန်ရပ်ကွက်)မှ အလှူငွေ (၅၀၀၀၀/-)ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများလာသည့်အတွက် ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို လှူဒါန်းသောကြောင့် မိုင်းလုံမြို့ကိုယ်စား အထူးပင်ကျေးဇူးတင်ကြောင်းနှင့် အလှူရှင်များ လိုအင်ဆန္ဒပြည့်ဝပါစေလို့ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဇော်(ပြန်/ဆက်)