အင်ဂျန်းယန်မြို့နယ်၌ တိုက်ပွဲရှောင်စခန်း(IDP Camp)တို့တွင် နေထိုင်သောပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့

အင်ဂျန်းယန်     အောက်တိုဘာ  ၁၃         

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု စိန့်ဂျိုးဇက်နှင့်နောင်နန်း ကျေးရွာအုပ်စု တြီနီတီစစ်ဘေးရှောင် စခန်း(IDP Camp)တို့တွင် နယ်မြေလုံခြုံရေး အခြေအနေ အရ နေထိုင်လျက်ရှိသော အင်ဂျန်းယန် မြို့နယ်ဒေသမှ ပြည်သူများ အား အင်ဂျန်းယန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးကျော်စိုးနိုင်၊ မြိုနယ်ကျန်းမာရေးမှူး ဦးထွေးညွန့်လွင်တို့က ပလန စိန့်ဂျိုးဇက် (IDP Camp)တွင် နေထိုင်သည့် အိမ်ထောင်စု (၂၄၇)စု၊ လူဦးရေပေါင်း (၁၃၄၁)ဦးအတွက် PPE ဝတ်စုံ (၈၀)စုံ၊ Mask (၂၀၀၀)ခု၊ Face Shield (၂၀၀)ခုကို လည်းကောင်း၊ နောင်နန်း တြီနီတီ (IDP Camp)တွင် နေထိုင်သည့် အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေပေါင်း (၉၇၁)ဦးအတွက် PPE ဝတ်စုံ(၈၀)စုံ၊ Mask (၂၀၀၀)ခု၊ Face Shield (၂၀၀)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်ချက်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

 အင်ဂျန်းယန် (ပြန်/ဆက်)