နမ္မတူမြို့နယ် လီဆူ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

နမ္မတူ     အောက်တိုဘာ    ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်ရည်ရွယ်၍ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့‌ နေ့လယ်ပိုင်းတွင် လီဆူ (IDP)စခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသတွင်အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိ ဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသောသူများ၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ရာ လီဆူ (IDP)စခန်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် တိုက်ပွဲရှောင်ပြည်သူ ၂၁ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းပြီး ဆောင်ရွက် ပေးခဲ့သည်။

နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မေလ ()ရက်နေ့မှ ယနေ့အချိန်အထိ ကြူဆော့ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဘော်တွင်းကျေးရွာ အုပ်စု၊ ခိုမိုကျေးရွာအုပ်စု၊ နမ့်ပါလေကျေးရွာ၊ ပန်ဟိုက်ရပ်ကွက် ()၊ လီဆူ (IDP)စခန်းနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ် ၄၆၉ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၇စု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သတ်မှတ်လျာထားဦးရေပြည့်မီရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ချိတ်ဆက်၍ ကျန်ရှိသေးသော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှ ထံက သိရသည်။ 

လူမော် (ပြန်/ဆက်)