ညောင်တုန်းမြို့နယ်ရှိ Volunteer များ အတွက်စားစရိတ်နှင့် လူနာတင်ယာဉ်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်

ညောင်တုန်း  အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်းရှိ Volunteer များအတွက် စားစရိတ်နှင့် လူနာတင်ယာဉ်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြို့နယ် အတွင်းရှိ Volunteer တစ်ဦးလျှင် စားစရိတ် တစ်ရက် (၄၀၀၀)ကျပ်နှုန်းဖြင့် Volunteer (၁၄၉) ဦး အားရက်ပေါင်း(၃၀)အတွက် ငွေကျပ်(၁၇၈၈၀၀၀၀)နှင့် လူနာတင်ယာဉ်တစ်စီးအတွက် ဆီဖိုးငွေ (၄၂၀၀)ကျပ်နှုန်းဖြင့် ပရဟိတအဖွဲ့()ဖွဲ့မှ လူနာတင်ယာဉ်() စီးအား ရက်ပေါင်း(၃၀) အတွက် ငွေကျပ်(၁၈၃၈၄၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ ()ဖွဲ့များမှတာဝန် ရှိသူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ပြီးအကြမ်းဖက်မှုများတွင် ကလေးဘဝမနစ်မွန်းစေရေး အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)