စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံကြရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များအား ပြည်သူများ သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မုန့်ပေါင်းကျေးရွာ အတွင်း အသက် (၁၂)နှစ်အထက် ကျောင်း သား၊ ကျောင်းသူများ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါကာ ကွယ်ထိန်း ချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်

နတ်မောက်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းနှင့် တွေ့ဆုံမေးမြန်း

ဝါးခယ်မမြို့နယ်တွင် အသက် (၄၅)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဦးစားပေးအသက်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိ အားကစားခန်းမတွင် အသက်(၄၅)နှစ်အထက် ပြည်သူများအား (ပထမအကြိမ်) ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယနေ့ ဆက်လက်ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ထိုးနှံလျက်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေဆင်းအခြေခံပညာအထက်တန်းကျောင်းတို့တွင် တတိယနေ့ဆက် လက်ထိုးနှံလျက်ရှိကြောင်းသိရသည်။ 

အထက-တနင်္သာရီကျောင်းဝင်းအတွင်းပူးပေါင်းအဖွဲ့များကသန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထက-တနင်္သာရီကျောင်းပြန်လည်ဖွင့်လှစ်သည့် အခါတွင် သန့်ရှင်းသာယာလှပနေစေရေးနှင့် မကြာမီရက်များတွင် အသက်(၁၂) နှစ်အထက် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်၊စ တင်ထိုးနှံ ပေးမည်ဖြစ်ရာ အဆင်ပြေချောမွေ့စေရန်အတွက် ယနေ့ နံနက် ၇နာရီမှ မွန်းတည့်၁၂ နာရီအချိန် အထိ ပူးပေါင်းအဖွဲ့များက ကျောင်းဝင်းအတွင်းစနစ်တကျ စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ပေး ကြကြောင်း သိရသည်။

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိကျောင်းသားကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူထားရှိမှုများကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ များအား ကိုဗစ်−၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားရှိမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အတွင်းမှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ သွားရောက်မေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိရာ ယမန်နေ့၊ ညနေ ၅ နာရီအချိန်တွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဒေါ်စန်းစန်းမြင့်၏ ရင်တွင်းစကားသံများကိုလည်း သွားရောက်တွေ့ဆုံ မေးမြန်းခဲ့​ကြောင်း သိရှိရသည် -

ပြည်မြို့နယ်ရှိ တောင်သူများအား မြေတွင်းအာဟာရဓာတ်ချို့တဲ့မှုများ ဓာတ်ခွဲစစ်ဆေး နိုင်ရန် မြေနမူနာယူ နည်းသင်တန်း စာတွေ့လက်တွေ့ (၂)ရက်ကြာဖွင့်လှစ်ပို့ချပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် (ဇီးအုပ်) တောင်သူ အသိပညာပေး ရှေ့တန်း စခန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၅ အုပ်စုမှ တောင်သူ ၅၅ ဦးအား မြေတွင်းအာဟာရဓာတ ချို့တဲ့မှုများ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် မြေနမူနာယူနည်းဆိုင်ရာ နည်းပညာရပ်များကို အောက်တိုဘာ ၁၂ ရက်မှ ၁၃ရက်နေ့အထိ စာတွေ့လက် တွေ့ (၂)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်

ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် အများပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှ ဝန်ထမ်းများပူပေါင်းပြီး ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ လက်လမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to