သထုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော် ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

သထုံ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းရေစက်ချ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီခန့်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသူတို့က နိုင်ငံတော်ဩဝါဒါစရိယ၊ သထုံမြို့ ဓမ္မမေဒနီစာသင်တိုက် ပဓာနနာယက ဆရာတော် အရှင်ဉာဏောသူရိယထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်း တို့က သီလခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက ပရိယတ္တိဓမ္မပူဇာ သဘင်နှင့် ပတ်သတ်၍ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။

ယင်းနောက်တက်ရောက်လာသူများက ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်နှင့် သီလရှင်များတို့အား ကိုဗစ်-၁၉ ကာလအတွင်း ပရိယတ္တိပူဇာအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့်  မြို့သူ/မြို့သားများ စုပေါင်း လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၃၇) ကျောင်းတို့အတွက် ဆွမ်းဆန် (၂၁၇)အိတ်၊ ဆား (၆၀)အိတ်၊ ဆီ (၃၇)ပုံး၊ ကြက်သွန် (၄၁)အိတ်နှင့် အလှူငွေပေါင်း (၆၉)သိန်းတိုအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)