စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်သမားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တွံတေး၌ ထိုးနှံပေး

တွံတေး အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ နေ့စား ဝန်ထမ်းများနှင့် အလုပ်သမားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်          မြို့နယ်အတွင်းရှိ ငွေစု/ငွေချေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ ငါးဒိုင်များ၊ ဆန်စက်များ၊ လျှပ်စစ်ရုံး နေ့စားဝန်ထမ်းများ၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အထည်ချုပ်၊ အနှေးယာဉ်ဂိတ်များ၊ စက်မှု/လက်မှု လုပ်သားများ နေ့စားဝန်ထမ်းများအား ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း၌ လူဦးရေ( ၅၂၀၂)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့​ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

မြို့နယ် (ပြန်/ဆက်)