မိတ္ထီလာ အောက်တိုဘာ ၁၄
မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံ စေတီ တော်တွင် သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သုံးရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
ဓမ္မသုခရွှေစည်းခုံစေတီတော် ရင်ပြင်တော်မှာ သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီ သုံးရက်ကျင်းပသွားမှာဖြစ်ပါတယ်။ သီတင်းကျွတ် လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ သီတင်းကျွတ်လပြည့် ၁ ရက်နေ့ သုံးရက် ကျင်းပ ပူဇော်မှာဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေတုန်းကတော့ ဓမ္မသုခရွှေစည်းခုံ စေတီတော်ရဲ့ သီတင်းကျွတ် လ ဆီမီးထွန်းညှိပူဇော်ပွဲကို ၅ ရက်တိုင်ကျင်းပပြုလုပ်တာဖြစ်ပေမယ့် ဒီနှစ်တော့ အခြေအနေ အရ ၃ ရက်ပဲ ကျင်းပပူဇော်မှာဖြစ်ပါတယ်ဟု အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး က ပြောသည်။
အဆိုပါ ဓမ္မသုခရွှေစည်းခုံစေတီတော်၏ သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲအား သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့ ဖြစ်သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့ ဖြစ်သည့် အောက်တိုဘာလ ၂၁ ရက်နေ့ အထိ နေ့စဉ် ညနေ ၆ နာရီမှ စတင်ကာ သုံးရက်တိုင်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ