သုံးခွ အောက်တိုဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် လျော့နည်း ပပျောက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံမည့် ပြည်သူများအား ဆေးထိုးစုရပ်(၁၃)ခုတွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာ မြို့နယ်အားကစားခန်းမ ခြင်းလုံအားကစားရုံတွင် ပထမအကြိမ် ထိုးနှံပြီးသူ(၈၈၀) ဦးအား ဒုတိယအကြီမ် ထိုးနှံပေးခြင်းဖြစ်ပြီး အသက် ၄၅ နှစ်အထက် ပြည်သူများအား ဆေးထိုးစုရပ် (၁၂)နေရာဖြစ်သည့် အလန်းကုန်းကျေးရွာ၊ ရန်ကြီးအောင်ကျေးရွာ၊ ကတုံးပေါ်အထက်ကျေးရွာ၊ လက်ပန်ချောင်ကျေးရွာ၊ ဆယ်ရွာ ကျေးရွာ၊ မင်းရွာအသင်းကျေးရွာ၊ ဘုရာကြီးကျေးရွာ၊ သဲကုန်းကျေးရွာ၊ ညောင်နီကျေးရွာ၊ ပျဉ်းမကန်ကျေးရွာ၊ သိုက်တူးကန်ကျေးရွာတို့တွင် သတ်မှတ်လူဉီးရေ (၃၀၀၀)အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံရေ (၇၅၀)လုံးအား တစ်ပြိုင်နက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်း အဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တင်တင်ထွေး