ခင်ဦးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူး ဦးသန်းဆွေနှင့် တွေ့ဆုံမေးမြန်းခြင်း

ခင်ဦး အောက်တိုဘာ ၁၄

မေး။    မင်္ဂလာပါ။ ဆရာကြီးရဲ့အမည်နဲ့ တာဝန်လေးသိပါရစေ ခင်ဗျာ၊

ဖြေ။     ကျွန်တော်ကတော့ ခင်ဦးမြို့နယ် ပညာရေးမှူး ဦးသန်းဆွေ ဖြစ်ပါတယ်။

 

မေး။    ဆရာကြီးတို့ရဲ့ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်ဖြင့် အသက်(၁၂) အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့စီစဉ်နေတယ်လို့ ကြားသိရတဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို ပြောပြပေးစေလိုပါတယ် ခင်ဗျာ။

ဖြေ။     ကျွန်တော်တို့ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ကျောင်းမဖွင့်မီမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးချင်တဲ့အတွက် အောက်တိုဘာလမှာ ပထမအကြိမ် ထိုးပေးဖို့ စီစဉ်ထားပါတယ်။ အသက်(၁၂) နှစ် အထက် ကလေးတွေဖြစ်တဲ့အတွက် စာရင်းအတိအကျရဖို့ သက်ဆိုင်ရာ ကျောင်းတွေကို စာရင်းကောက်ဖို့ ညွှန်ကြားပြီးပါပြီ။ ကာကွယ်ဆေးထိုးပေးမှာက အစိုးရ ကျောင်းတွေတင် အကဘဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း စာရင်းပြုစုဖို့ ဆောင်ရွက် ထားပါတယ်။ နောက်တခုက မိဘများရဲ့ ခွင့်ပြုချက်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကို ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဟောပြောဖို့ စီမံဆောင်ရွက်ထားပါတယ်။ နိုင်ငံတကာမှာလည်း ကလေးများကို ကာကွယ်ဆေးထိုးပေးနေပြီ ဖြစ်တဲ့အတွက် အန္တရာယ် မရှိကြောင်း အသိပေးဖို့ မိဘများကို ဆွေးနွေးဟောပြောဖို့ စီစဉ်ထားပါတယ်။

 

မေး။    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် စုရပ်များကိုလည်း ပြောပြပေးစေ လိုပါတယ်။

ဖြေ။     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် စုရပ်ကို () နေရာ စီစဉ်ထားပါတယ်။ အဲဒီနေရာတွေကတော့ အထက-ခင်ဦးမြို့၊ အထက-ရွာစဉ်ကျေးရွာ၊ အထက-အလယ်ရှို ကျေးရွာ၊ အထက-ညောင်ပင်ကြီးစု ကျေးရွာ၊ အထက-မြင်းဒေါင်းကျေးရွာ၊ -ခွဲ မဒေါင်းလှကျေးရွာ တို့ဖြစ်ပါတယ်။

 

မေး။    မကြာခင် အခြေခံကျောင်းများကို  ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် ဆရာကြီးတို့အနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကို သိပါရစေ။

ဖြေ။     ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ဖို့ အတွက် ကျောင်းများရဲ့ ဥပတိရုပ် ကောင်းမွန်ရေး၊ ကျောင်းနှင့် ပတ်ဝန်ကျင် သန့်ရှင်းသာယာရေး၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးထားရှိပါတယ်။

 

မေး။    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ရှိပြီး ဆရာ၊ ဆရာမတွေအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေလေးကို သိပါရစေ။

ဖြေ။     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၉၆၀) ဦးရှိပါတယ်။ ဆရာ၊ ဆရာမများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေကတော့ ဆရာ၊ ဆရာမ အင်အား (၄၄၀) ဦးရှိပြီး ဆေးထိုးပြီးအင်အား (၂၇၀) ဦး ဖြစ်တဲ့အတွက် ဆေးထိုးပြီးရာခိုင်းနှုန်းအနေဖြင့် (၆၁ ဒသမ ၃၆) လောက်ထိုးပြီးဖြစ်ပါတယ်။

 

မေး။    အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ ကို ပြောပြပေးစေလိုပါတယ်။

ဖြေ။     ပူးပေါင်းဆောင်ရွက်မယ့်အဖွဲ့အစည်းတွေကတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

မေး။    ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပေးစေလိုပါတယ်။

ဖြေ။     ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဟာ နိုင်ငံတကာ အနှံ့အပြားမှာလည်း ထိုးနေကြပါပြီး၊ အထူးသဖြင့် ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဖွင့်ပြီဆိုရင် ကိုဗစ်-၁၉ စည်းကမ်းအရ ()ပေခြား နေရမယ်ဆိုပေမဲ့ ကလေးအများစုက နေ့စဉ်ထိတွေ့နေကြရမှာ ဖြစ်လို့ ကာကွယ်ဆေးထိုးစေခြင်ပါတယ်၊ မိဘတွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးခြင်းရဲ့ အကျိုးကျေးဇူးကို သိရှိပြီး ခွင့်ပြုကြစေချင်ပါတယ်၊ ကာကွယ်ဆေး ထိုးပြီး ကလေးများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါလို့ ပြောကြားချင်ပါတယ်။

တွေ့ဆုံမေးမြန်း- ဦးဟန်မျိုးကျော်(မြို့နယ်ပြန််/ဆက်)

ဓာတ်ပုံစိုးဝေအောင်