ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့်  အောက်တိုဘာ   ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် လူ၀န်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန  ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးမှ  ပန်းကင်းစီမံချက်ဖြင့် ပြုလုပ်ပေး ခဲ့သည့်  နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို  
ယမန်နေ့နေ့လည် ၁ နာရီက ဧရာသီရိသုခ ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင်မောင်၀င်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးရွာများမှ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေစာရင်းများပေးအပ်ခဲ့ရာ ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ရှမ်းရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦး၀င်းမောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ကန်ကြီးထောင့်မြို့နယ်တွင်   ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း နိုင်ငံသား စီစစ်ရေးကတ်ပြား ဆောင်ရွက်ရန် (၉၄၀၇)ဦးရှိရာ၊ အောက်တိုဘာလ (၈)ရက်နေ့အထိ ပြည်သူ(၁၂၅၅)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်     ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့်(၁၃.၃၄)ရာခိုင်နှုန်း ဖြစ်သည်။ အလားတူ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးရန် (၈၁၅၂) အိမ်ထောင်စုရှိရာ အောက်တိုဘာလ (၈)ရက်နေ့အထိ ဆောင်ရွက်မှုပြီးစီးမှုမှာ   (၆၄၅) အိမ်ထောင်ဖြစ်သည်။ ကန်ကြီးထောင့်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား လက်ရှိဇာတ ိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသ တွင်   အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူမျအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦး ရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအားဆောင်ရွက်ပေးခြင၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသဆွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား  ပန်းခင်းစီမံချက်ပါ လျာထားချက်ပြည့်မှီရေး ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ဇင်မာ