ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ပန်းတနော်၊ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက Woman Club အသင်းဝင်များဖြင့် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် Woman Club အဖွဲ့ဝင်များက စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်တွင်ပါရှိသည့် မိတ်ဆွေကောင်း နှင့်ခရီးသွားပါ၊ ကူးစက်တက်သော အမှုအကျင့်၊ ပတ်ဝန်းကျင်ကောင်းကို တန်းဖိုးထားပါ၊ စာဖတ်ခြင်းအတတ်ပညာ၊ အတွေးများကို လှစေချင် သည်၊ ဘဝကိုဆေးရောင်လှလှခြယ်သကြဖို့ စသည့်ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ပြပြီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ ဆက်)