ဘိုကလေး အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တွင်း၌ သဘာဝဘေးကြုံတွေ့ ခံစားရမှုများအား ထောက်ပံ့လျက်ရှိရာ ယခုနှစ်၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှု (၁၂)ကြိမ်အား ထောက်ပံ့နိုင်ခဲ့သည်။
၂၀၂၀-၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်၌ မီးဘေး(၂)ကြိမ်၊ လေဘေးဖြစ်ပွားမှု (၆)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်၊ မိုးကြိုးဘေး(၁)ကြိမ်နှင့် မိချောင်းဆွဲခံရမှု (၂)ကြိမ်၊ စုစုပေါင်း (၁၂)ကြိမ်ရှိခဲ့သည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် မီးဘေးဖြစ်ပွားမှု၊ လေဘေးဖြစ်ပွားမှုများနှင့် ကမ်းပြိုဘေးဖြစ်ပွားမှုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ၊ ဘေးသင့်အိမ်ထောင်စုဝင် အရေအတွက်အလိုက် ဆန်ရိက္ခာထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကြိုးဘေးနှင့် မိချောင်းဆွဲခံရသူများအတွက် ဆေးဝါးကုသစရိတ်ထောက်ပံ့ငွေနှင့် သေဆုံးမှုဖြစ်ပွားခဲ့ သော်သေဆုံးသူ၏ မိသားစုလက်ဝယ်အရောက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုးစက် (ဘိုကလေး)