ငရုတ်ကောင်းမြို့ပေါ်ရှိ ဘုရား၊ စေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

ငရုတ်ကောင်း     အောက်တိုဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှတ်()ရပ်ကွက် ဓမ္မဝိဟာရကျောင်းတိုက်အတွင်းရှိ စေတီပုထိုးနှင့် ဓမ္မိကာရုံကျောင်းတိုက်ရှိ စေတီပုထိုးတို့၏ ရင်ပြင်တော်တို့တွင် ယမန်နေ့ ညနေ ၃ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များက အမှိုက်များရှင်းခြင်း၊ ရေဆေးခြင်း၊ရေညှိများ ရှင်းလင်းခြင်းတို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)