ကရသူရိ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသိပေးမြေစိုက် ပိုစတာများစိုက်ထူခြင်းကို ယနေ့ နံနက် ၉နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာ အထက်တန်းကျောင်းဝန်းရှေ့တွင် စိုက်ထူးခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ထူခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် အသိပေးစိုက်ထူခြင်းဖြစ်ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၂)နှစ်နှင့် အထက်၊ အခြေခံ ပညာအလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ် ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လျှောက်လှမ်းနိုင်ရေးအတွက် အသိပေးစိုက်ထူ ထားကြောင်းသိရ သည်။
အေးအေးသန်း