ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိ ပညာပေးဆောင်ရွက်

ဘုရားသုံးဆူ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယ အသုတ်(ဒုတိယအကြိမ်) ထိုးနှံခြင်းအားဘုရားသူံးဆူမြို့အ.ထ.ကကျောင်းဝင်းအတွင်း၌  ယနေ့ နံနက် ၉ နာရီ အချိန်တွင် ဒုတိယမြောက်နေ့ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်သည့် အသိပညာများအား ရှင်းလင်း ပြောကြားခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် ဗီဇပြောင်းလဲပုံစသည့် အသိပညာပေးများ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ ကာကွယ်ဆေးကို(၂)ကြိမ်တိတိထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ်စက်တင်ဘာ (၁၇)ရက်နေ့ ထိုးနှံပြီးသူများကို ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့တွင်ထပ်မံထိုးနှံ လျက်ရှိပြီး ဘုရားသုံးဆူမြို့ အနေဖြင့် ပထမအသုတ်အား ဩဂုတ်လ ၁ရက်နေ့မှ ၂၉ရက်နေ့အထိ ထိုးနှံ‌ပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံသူ ဦးရေ (၁၇၀၀)ဦးခန့်ရှိသည်။

 

ဒုတိယအသုတ်(ပထမအကြိမ်)အား စက်တင်ဘာ၁၆ရက်နေ့မှ၂၀ရက်နေ့ထိ ထိုးနှံဆောင်ရွက်ခဲ့ပြီး ဒုတိယ အသုတ် အတွက် ကာကွယ်ဆေးမှာ ဦးရေ(၂၅၀၀)ရှိကြောင်းသိရပြီး ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံ သူဦးရေ(၄၀၇)ဦးစာထိုးနှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူဟိန်း