မြဝတီမြို့၌   မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများအား စာဖတ်ဝိုင်း ပြုလုပ်

မြဝတီ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။

ထို့နောက်  Women  Club ဥက္ကဋ္ဌ ဒေါ်ကေခိုင်က  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၀)တွင်ပါရှိသည့် စာရေးဆရာထွန်းထွန်း(ခရေရိပ်) ရေးသားထားသည့်  “ပညာပြည့်ဝ နှလုံးလှနိုင်ကြပါစေ တို့လူငယ်တွေ” ဆောင်းပါးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများကို လိုက်နာရင်း တစ်ဖက်က ကလေးများ၏ အတတ်ပညာ၊ အသိပညာ၊ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို တဖြည်းဖြည်းစနစ်ကျကျတည် ဆောက်ကြရကြောင်းကို ဆွေးနွေးဖတ်ကြားခဲ့ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံက ကလေးဘဝတွင် လွမ်းဆွတ်အမှတ်ရ စရာများနှင့် ကလေးများ၏ အလွယ်တကူသင်ယူနိုင်မှုအကြောင်းတို့ကို ဆက်လက်ဖတ်ကြား ဆွေးနွေးရာ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)