သပိတ်ကျင်းမြို့တွင် ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ်ခေါင်းစဉ်ဖြင့် အသိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သပိတ်ကျင်း၊အောက်တိုဘာ ၁၅

 

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အနာဂတ်ပန်းခင်းများဆီသို့ ညာသင် ကြားနိုင်ရေးအတွက် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးကြရန်အတွက် ကာကွယ်ဆေးဖြင့် လွှမ်ခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေခြင်း ကို မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့တွင် အောက်တိုဘာ (၁၅) ရက်နံနက်( ၇)နာရီကတာဝန်ရှိသူများမှဖြန့်ဝေခဲ့ကြောင်းသိရသည်။

   

 

သပိတ်ကျင်းမြို့ရှိ ဆိပ်ကမ်းလမ်းဆုံအဝိုင်းပတ်နှင့် လူစည်ကားရာနေရာများ ၊မြို့နယ် စည်ပင်သာယာစျေးတို့တွင် စျေးသူ/ သားများ၊ လမ်းသွားလမ်းလာပြည်သူများအား အသက်(၁၂) နှစ်ပြည့်ပြီး ကျောင်းသား/သူကိုဗစ်- ၁၉ရောဂါ ကာကွယ် ဆေးထိုးနှံ ရေးအတွက် ကာကွယ်ဆေး လွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်၊ ပညာသင်ယူခွင့်အခွင့်အလမ်းများရရှိလာစေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါပြန့်ပွားမှုကိုတားဆီးရန်၊စာသားများပါသည့် အသိပညာပေးလက်ကမ်း စာစောင်များအား မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ မြို့နယ် ရဲတပ်ဖွဲ့၊ မြိုနယ်လူဝင်မှု့ကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှ ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

 

စိုးနိုင်ဝင်း(သပိတ်ကျင်း)