ဒက္ခိဏသီရိ အောက်တိုဘာ ၁၅
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက်လူငယ်လူရွယ်များ၊ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက်(၄၀)နှစ်နှင့်အထက်အသက်ကြီးသူများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အသက်၁၈နှစ်အထက်လူငယ်လူရွယ်များ၊ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက်၄၀နှစ်နှင့်အထက် အသက်ကြီးသူများ၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများ စုစုပေါင်းလူဦးရေ (၃၀၀)ဦးကို ယနေ့ထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို အောက်တိုဘာ(၁၇)ရက်နေ့အထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
နိုင်မင်းထက်(ခရိုင်ပြန်/ဆက်)