ခေါဇာမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ခေါဇာ  အောက်တိုဘာ   ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများကို ယနေ့ နံနက် (၉) နာရီက ခေါဇာမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ   ကာကွယ်ဆေးလာရောက်ထိုးနှံသည့်  ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးမထိုးမီ  ကိုယ်ပူချိန်တိုင်းတာ ခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင် တိုင်းတာခြင်းစသည့် ကျန်းမာရေးဆိုင်ရာများ  စစ်ဆေးပြီးမှသာ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာတွင်လူစု၊ လူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန် ထားသော စည်းကမ်းချက်များအတိုင်းစနစ် တကျထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။

ခေါဇာမြို့အခြေခံပညာအထက်တန်းကျောင်း စုရပ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ သူ စုစုပေါင်းလျာထားဦးရေ (၄၂၆)ဦးရှိကြောင်း ဆေးထိုးနှံရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။
ခေါဇာ