လှိုင်းဘွဲမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးမည့်အပေါ် ကျောင်းသား မိဘနှင့် ကျောင်းသား/သူတို့၏ ရင်တွင်းစကားသံများအား တွေ့ဆုံမေးမြန်း

လှိုင်းဘွဲ    အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးမှုအပေါ် ကျောင်းသားမိဘနှင့် ကျောင်းသား/သူတို့၏ ရင်တွင်းစကားသံများ အား တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ဒေါ်စန်းစန်းအေး(ကျောင်းသားမိဘတစ်ဦး)

 

မေး။     ။အစ်မရဲ့အမည်နဲ့နေရပ်လိပ်စာကို မိတ်ဆက်ပေးပါရှင်။

 

ဖြေ။     ။ကျွန်မနာမည်ကတော့ ဒေါ်စန်းစန်းအေးဖြစ်ပါတယ်ရှင်။ (က)ရပ်ကွက်၊ ဒေါန(၁)လမ်း၊ လှိုင်းဘွဲမြို့ မှာနေထိုင်ပါတယ်ရှင်။

 

မေး။     ။ပညာသင်ကြားနေတဲ့ကလေးတွေရှိရင် ကလေးရဲ့အသက်၊ ပညာသင်ကြားနေတဲ့ကျောင်း၊ တက် ရောက်နေတဲ့အတန်းကို ပြောပြပေးပါရှင်။

 

ဖြေ။     ။မူလွန်(၃)၊ လှိုင်းဘွဲမြို့နယ်၊ Grade-7 တွင် ပညာသင်ကြားနေသော အသက်(၁၃)နှစ်အရွယ်ရှိ သား တစ်ဦးရှိပါတယ်ရှင်။

 

မေး။     ။အခြေခံပညာကျောင်းတွေက ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့်အ ပေါ် အစ်မရဲ့အမြင်လေးကို သိချင်ပါတယ်ရှင်။

 

ဖြေ။     ။ရောဂါဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်တဲ့အတွက် ကာကွယ်ဆေး ဆိုတာ ထိုးနှံထားသင့်ပါတယ်။ ကလေးလည်း ကာကွယ်ဆေးထိုးနှံပေးထားတဲ့အတွက် ကျောင်းဖွင့်လို့ ကျောင်းပြန် တက်ရတဲ့အချိန်မှာ ရောဂါကင်းဝေးစွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို ဆေးထိုးပေးထားတဲ့အတွက် ရောဂါကူးစက်ခံရမှာကိုလည်း စိတ်မပူရတော့ပါဘူး။

 

မေး။     ။အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေတဲ့အပေါ် ကျောင်းသားမိဘ တစ်ဦးအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည့် အစီအစဉ်တွေရှိရင် ပြောပေးပါဦးရှင့်။

 

ဖြေ။     ။ကျောင်းသားမိဘတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှာပါရှင်။ ကလေးတွေဆိုတာ ဆေးထိုးရ မယ်ဆိုတာနဲ့ကို ကြောက်တတ် တဲ့သူတွေပါ။ ဒါပေမယ့်လည်း သူတို့ရှေ့မှာပဲ ကိုဗစ်ရောဂါကူးစက်ခံရလို့ ဝေ ဒနာခံစားနေရတာတွေ သေဆုံးကြတာတွေကိုလည်း ကြားသိမြင် တွေ့နေရတဲ့အတွက် ကာကွယ်ဆေးထိုး သင့်ကြောင်း ပြောပြပေးပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် ရောဂါကူးစက်မှုထိန်းချုပ်နိုင်မယ်။ ကာကွယ် ဆေးထိုးခြင်းသည် အင်မတန်အကျိုးရှိကြောင်း ကျောင်းသားတွေနဲ့ မိဘတွေကို တတ်နိုင်သလောက် စည်းရုံး ပြောပေး နေပါတယ်ရှင်။

 

မေး။     ။ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ပီတိစကားလေးသိချင်ပါတယ်ရှင်။

 

ဖြေ။     ။မိဘတစ်ဦးအနေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတော့ ပြောမပြတတ်အောင်ဝမ်း သာပါတယ်ရှင်။ ပထမဦးဆုံး အနေနဲ့ အသက်မသေနိုင်တော့ဘူး။ ကလေးတွေကို ဆေးထိုးပေးမည်ဆိုတော့ လူကြီးတွေစိတ်ချမ်းသာတာပေါ့။ ကာကွယ်ဆေးထိုးပြီး ကျောင်းသား/သူတွေပျော်ရွှင်ကျန်းမာစွာနဲ့ စာသင်နေတဲ့အသံလေးတွေ ကြားရတော့မှာပါ။ မိဘတွေအနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှု မဖြစ်ဘဲ ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်း အတိုင်း လူစုလူဝေးရှောင်ပါ။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါလို့ ပြောချင်ပါ တယ်ရှင်။ ယခုလို ကျောင်းသား မိဘတစ်ဦးအနေနဲ့ ရင်တွင်းစကားသံများ ပြောကြားခွင့်ရတဲ့အတွက် ကျေး ဇူးတင်ပါတယ်ရှင်။

 

မသုသုနိုင်(ဒသမတန်း၊ အ.ထ.က၊ လှိုင်းဘွဲ)

 

မေး။     ။သမီးရဲ့အမည်၊ အသက်၊ အတန်းနဲ့တက်ရောက်နေတဲ့ကျောင်းနာမည်လေးကိုပြောပြပေးပါ။

 

ဖြေ။     ။သမီးရဲ့နာမည်က မသုသုနိုင်ဖြစ်ပါတယ်။ အသက်က(၁၆)နှစ်ဖြစ်ပါတယ်။ အ.ထ.က(လှိုင်းဘွဲ)၊ ဒသ မတန်းမှာပညာသင်ကြား နေပါတယ်။

 

မေး။     ။အခြေခံပညာကျောင်းတွေက ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် အပေါ် သမီးရဲ့အမြင်လေးကို သိချင်ပါတယ်။

 

ဖြေ။     ။သမီးတို့ကို အခုလို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးထားတဲ့အတွက် ကျောင်းဖွင့်လို့ ကျောင်းပြန်တက်ရတဲ့အချိန်မှာ စိတ်ချမ်းသာပြီး အေးချမ်းစွာပညာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် သမီးတို့လို ကျောင်းသား/သူတွေအကုန်လုံး ကာကွယ်ဆေးထိုး သင့်ပါ တယ်လို့ပြောချင်ပါတယ် ။     

 

မေး။     ။အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေတဲ့အပေါ် သမီးအနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်တွေရှိရင် ပြောပေးပါဦး။

 

ဖြေ။     ။အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ဆောင်ရွက်နေတဲ့အပေါ် သမီးအနေနဲ့ သူငယ် ချင်းတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြဖို့နှင့် ကာကွယ်ဆေးထိုးပြီးသွားရင်လည်း ရောဂါများကို ထိန်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်းတွေကို သူငယ်ချင်း တွေပြောပြပြီး ကာကွယ်ဆေးထိုးဖို့ အကြံပေး ခြင်းကို ဆောင်ရွက်ပေးပါတယ်။

 

မေး။     ။ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ပီတိစကားလေးသိချင်ပါတယ်။

 

ဖြေ။     ။အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးပေးမယ်ကြားရတော့ အတိုင်း မသိဝမ်းသာပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးထားရင် ကိုဗစ်-၁၉ရောဂါကူးစက် ခံရမှာကို မကြောက်တော့ဘူး ။ စိတ်ချမ်းချမ်းသာသာနဲ့လည်း ကျောင်းတက်ပြီးပျော်ပျော်ရွှင်ရွှင်ပညာသင် ကြားနိုင်မှာဖြစ်တဲ့အတွက် အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်ရှင်။

 

မောင်ထွန်းတောက်လင်း(Grade-7မူလွန်(၃)လှိုင်းဘွဲမြို့)

 

မေး။     ။သားရဲ့အမည်၊ အသက်၊ အတန်းနဲ့တက်ရောက်နေတဲ့ကျောင်းနာမည်လေးကိုပြောပြပေးပါ။

 

ဖြေ။     ။ကျွန်တော့ရဲ့နာမည်ကမောင်ထွန်းတောက်လင်းဖြစ်ပါတယ်။ အသက်က(၁၃)နှစ်ဖြစ်ပါတယ်။ မူလွန် (၃)လှိုင်းဘွဲမြို့မှာ ပညာသင်ကြားနေပါတယ်။

 

မေး။     ။အခြေခံပညာကျောင်းတွေက ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် အပေါ်သားရဲ့အမြင်လေးကို သိချင်ပါတယ်။

 

ဖြေ။     ။ကျွန်တော်တို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် ကိုဗစ်ကူးစက်ခံရမှာကို မကြောက်တော့ပါဘူး။ ကာကွယ် ဆေးလည်းထိုးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင် ဒီရောဂါကို ထိန်းချုပ် နိုင်မှာဖြစ်တဲ့အတွက် ကျောင်းသား/သူအကုန်လုံး ကာကွယ်ဆေးထိုးနှံသင့်ပါတယ်ခင်ဗျာ။           

 

မေး။     ။အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေတဲ့အပေါ် သားအနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်တွေရှိရင် ပြောပေးပါဦး။

 

ဖြေ။     ။ကျွန်တော့အနေနဲ့ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့ဆောင်ရွက်နေတဲ့အပေါ်  သူငယ်ချင်းတွေအကုန်လုံးကို ကာကွယ်ဆေးထိုးနှံသင့်သည့်အကြောင်းအရင်းများနှင့် ကာကွယ်ဆေးထိုးပြီး ရင်လည်း ရောဂါကူးစက်မှုအခြေအနေများကို တတ်နိုင် သလောက် ဝိုင်းဝန်းအကြံပေးပြီး ကာကွယ်ဆေးထိုး ဖို့ တိုက်တွန်းပေးပါတယ်ခင်ဗျာ။

 

မေး။     ။ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ပီတိစကားလေးသိချင်ပါတယ်။

 

ဖြေ။     ။အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးပေးမယ်ကြားရတော့ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်းအားလုံးကိုဗစ်-၁၉ရောဂါကင်းစင်ပြီး စိတ်ချစွာပညာ သင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

မြို့နယ်(ပြန်/ဆက်)