တနင်္သာရီ အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ကုသရေး Centre နှင့် Positive Centre များအတွင်း ကိုဗစ်-၁၉ ရောဂါပိုးဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် ကျန်းမာရေး ပြန်လည်သက်သာသူ ကိုဗစ်လူနာ(၄)ဦး အား တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး မိမိနေအိမ်တွင်(၇)ရက်တိတိ အသွားအလာကန့်သတ်၍ Home Quarantine အဖြစ်သီးခြားနေထိုင်ကြရန် အသိပေးမှာကြား ထားကြောင်း သိရှိရသည်။
ထို့တူ တကူတိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းတွင် ပြင်ပမှလူနာ(၄)ဦးကို တာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်မှ ကြီးကြပ်၍ ဓာတ်ခွဲကျွမ်းကျင်(၄)ဒေါ်ဆုလဲ့မွန်မှ Antigen test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးရာ (၁)ဦးတွင် ရောဂါပိုးအတည်ပြု တွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃဆေးရုံ Positive Centre တွင် ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ရောဂါပိုးအတည်ပြုတွေ့ရှိသူများနှင့် ထိစပ်မိသားစုများကို ရောဂါပိုးကူးစက်ပျံ့ နှံ့မှုထိန်းချုပ်နိုင်ရန် နေအိမ်ကို Lock Down ချ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။
သို့ဖြစ်၍ အောက်တိုဘာလ(၁၆)ရက်အထိ တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင် သံဃာ့ဆေးရုံ Positive Centre နှင့်အလက(ခွဲ) သံတိုက် Positive Centre တို့အတွင်း ကုသမှုခံယူနေဆဲ ကိုဗစ်-၁၉လူနာ စုစုပေါင်း(၃၀)ဦးသာ ကျန်ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)