ရှမ်းရွာသစ်မြို့၌ မသန်စွမ်းဆိုင်ရာအကြောင်းအရာများနှင့် ဆေးလိပ်သောက်သုံးခြင်း ကြောင့်ဖြစ်ပေါ် လာ နိုင်သော ဆိုးကျိုးများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ်     အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ဒေသ နေပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးနံရံကပ်စာစောင်များကို ပြ သဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မသန်စွမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ် နိင်သည့်ဆိုးကျိုးများ ပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို အသစ်လဲလှယ်ပြသဆောင်ရွက်ထား ကြောင်း သိရှိရသည်။

 

အဆိုပါအသိပညာပေးနံရံကပ်စာစောင်များတွင် မသန်စွမ်းသူများနေ့ပေါ်ပေါက်လာပုံ၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူတိုင်း အကျုံး ဝင်သော ပညာသင်ယူခွင့်၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော် အဆင့်စီမံကိန်းများ၊ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကွာရန်တင်းစင်တာ များတွင် မသန်စွမ်းသူများ သွားရောက်နေထိုင်ရပါက လိုက်နာရမည့်အချက်များစသည့် မသန်စွမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ အကြောင်း ပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)