ပိုင်ကျုံမြို့အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထ အသုတ် (ဒုတိယ) အကြိမ် ထိုးနှံပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်ချိန်တွင် ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်လေးကျေးရွာရှိ ဒေသခံပြည်သူများအား သတ်မှတ်စုရပ်တွင်ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ  ရှိ/မရှိ(အခမဲ့)စစ်​ဆေး​ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများမရှိစေရေး အတွက် အထူးစီမံချက်ဖြင့်  ​ရောဂါစစ်ဆေးခြင်းကို  ဒီဇင်ဘာလ ၈ရက်နေ့  နံနက်၉က အထက(မိုင်းဖြတ်) ကျောင်းရှေ့ပြည်ထောင်စု လမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က      (အခမဲ့) စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၉)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉)ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရှိရသည်။

သနပ်ပင်မြို့နယ် စည်ပင်သာယာ‌‌ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးဆိုင် ခန်းများအား မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် ပဲခူးခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် ဈေးအကျိုးတော်ဆောင်များ ပူးပေါင်း၍ ယမန်‌နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း အပြင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက် ပင်လုံလမ်းတွင် မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အမှတ်(၁၁၈၂)ရှိ "ကနုတ်" စားသောက်ဆိုင်တွင် ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင် ပြပွဲကို ဒီဇင်ဘာ ၉ ရက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသထားရှိကြောင်း သိရ သည်။

မိုးမိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ် ၁၉ ရောဂါပိုး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)  မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာရှိ ကျေးလက်နေပြည်သူများ အား  ကျန်းမာရေးဆိုင်ရာအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းများကို  ယမန် နေ့က မိုးဘုံကျေးရွာ  ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် မုန်ညှင်းထုပ်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု၀င်ငွေပိုမိုရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံး နိုင်သော သီးနှံထဲ တွင် တစ်မျိုးအပါအ၀င်ဖြစ်တဲ့ မုန်ညှင်းထုပ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု အပို၀င်ငွေများ ရရှိကြောင်း သိရသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ် စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွာလာစေရန် အတွေးအခေါ် အသိအမြင်များ အချင်းချင်း ဖလှယ် တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်ဖြင့် ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to