မိုးမိတ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာရှိ ကျေးလက်နေပြည်သူများ အား ကျန်းမာရေးဆိုင်ရာအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းများကို ယမန်နေ့က မိုးဘုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဗျူဟာ (အခြေချ) မိုးမိတ်မှ ဗိုလ်မှူးကြီးဖြိုးမင်းဝင်း ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမှတ် (၂၀) ကုတင်(၁၀၀) တပ်မတော်ဆေးရုံမှ တပ်မတော် သားဆရာဝန်နှင့် သူနာပြုများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါများ စစ်ဆေး ကုသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့် ဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)