မိုးနဲမြို့နယ်အတွင်း ယနေ့မြို့မဈေးကြီး၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကာကွယ်ဆေး မထိုး နှံရသေးသူများနှင့် RDT(Test Kit) နှာခေါင်းတို့ဖတ် မစစ်ဆေးရသေးသူများကို ဈေးကြီးအတွင်း မဝင်ရောက်မှီ စစ်ဆေးပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ မြို့မဈေးကြီးအတွင်းသို့ ဈေးရောင်းချသူများနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ဈေးအတွင်းမဝင်ရောက်မီ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း နှာခေါင်းတို့ဖတ် RDT စစ်ဆေးပြီးကြောင်း ကတ်ပြားယူဆောင်လာမှသာ ဈေးအတွင်းဝင်ရောက် ဝယ်ယူ ရောင်းချခွင့်ပြုခြင်းတို့အပြင် တစ်ပတ်လျှင် ဈေးကြီးနေ့တစ်နေ့သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။