ဗန်းမော် ဒီဇင်ဘာ ၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင် ပြပွဲကို ဒီဇင်ဘာ ၉ ရက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသထားရှိကြောင်း သိရ သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ/ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြထားကာ ဗန်းမော်မြို့နယ်စာရေး ဆရာအသင်းမှ စာရေးဆရာများ၊ စာဖတ်ဝါသနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့က စိတ်ဝင်တစား လာရောက်ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)