ကမမောင်းမြို့တွင် မုန်ညှင်းထုပ်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု၀င်ငွေပိုမိုရရှိ

ကမမောင်း  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သော သီးနှံထဲ တွင် တစ်မျိုးအပါအ၀င်ဖြစ်တဲ့ မုန်ညှင်းထုပ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု အပို၀င်ငွေများ ရရှိကြောင်း သိရသည်။

မုန်ညှင်းထုပ်များကို ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း သင့်တင်သော ရာသီဥတုတွင် ပိုမိုစိုက်ပျိုးကြသည်။ မုန့်ညင်းထုပ်သည် ဂေါ်ဖီမျိုးရင်းထဲပါ၀င်ပြီး၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပုံသဏ္ဍန်အားဖြင့် မုန့်ညင်းထုပ် အရှည်မျိုးနှင့် အပုမျိုးရှိပြီး သက်တမ်းအားဖြင့် သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုး ဟူ၍ () မျိုးခွဲခြားနိုင်ပြီးမြေဆီသြဇာနှင့် ပြည့်စုံရန်နောက်ချေး၊ မြေဆွေးများများ ထည့်ပေးရန်လိုအပ်သည်။ အထူး သဖြင့် ရေမ၀ပ်သောမြေဖြစ်ရမည့်အပြင် ခြောက်သွေ့ လွယ်သော မြေလည်းမဟုတ်ရပေ။ မြေရဲ့ အချဉ်ဓာတ်ကို တော်အတန် ခံနိုင်ရည်ရှိပြီး pH (.) မှ (.) အထိစိုက်ပျိုးနိုင်ပြီး အေးကြိုက်သော သီးနှံဖြစ်၍ အေးဓာတ်ကို တော်အတန် ခံနိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန်သင့်တင့်စွာ ရွာသွန်း သော ဒေသတို့တွင် မုန်ညင်း ထုပ်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

မုန်ညင်းထုပ်ကို ပျိုးမထောင်ဘဲ၊ မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းကကောင်းမွန်သဖြင့်မျိုးစေ့ (၁၀) စေ့ခန့်ချ၍ မြေကြီးပါးပါးဖုံးပြီး စိုက်ရမည်။ သက်လတ်အတန်အကွာအဝး () ပေ၊ အပင် အကွာအဝေး () ပေခွဲ၊ သက်ကြီးမျိုး အတန်းအကွာအဝေး () ပေခွဲ၊ အပင်အကွာအဝေး (.) ပေ၊ သက်လက်မျိုးရဲ့ အပင်အကွာဝေးမှာ သက်ကြီးနှင့် သက်လတ်ကြားတွင် စိုက်ပျိုးနိုင်သည်။ စိုက်ပြီး (၂၅) ရက်အကြာ တွင် ပေါင်းလိုက်မြေဆွပေးခြင်း၊ မုန်ညင်းထုပ်များ ကျစ်၍မာလာလျှင် စတင်ရိတ်သိမ်းရမည်။ ကြာမြင့်စွာစိုက်ခင်းတွင် ဆက်လက်ထားရှိက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်းဖြစ်စေသဖြင့် မုန်ညင်းထုပ် အကာအကွယ် စေရန်အတွက် အောက်ဆုံးအရွက် () ရွက်ချန်ထား၍ ခူးဆွတ်ရမည်။ တစ်ဧကလျှင် (၅၀၀၀-၇၀၀၀) ပိဿာထွက်ရှိပြီး တစ်စည်းလျှင ်နှစ်ရာကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချသဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)