လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

လိပ်သို   ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုး သူများ  ပိုမိုတိုးပွာလာစေရန်  အတွေးအခေါ်  အသိအမြင်များ  အချင်းချင်း ဖလှယ် တတ်စေရန်၊ စာပေမှရရှိသော  အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်  ရည်ရွယ်၍ “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနော်နီလာအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခြင်းဖြင့်  စာဖတ်သည့် အလေ့အထ ရရှိစေခြင်း၊  အသိပညာ ဗဟုသုတများ  ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိ သော  ဗဟသုတများကို  လူမှုပတ်ဝန်းကျင်တွင်  အသုံးချတတ်လာခြင်း၊  စာပေဖတ်ရှုခြင်းဖြင့်  မိမိကိုယ်ကို  ယုံကြည်မှုရှိပြီး  အမှားအမှန်ကို  ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့်    စာဖတ်ဝို်ငးပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသော  စာအုပ်စာစောင် ချစ်မြတ်နိုးသူများက  စာရေး ဆရာနတ်သျှင် (ရွှေဂူ)  ရေးသားသော  “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်တွင် ပါရှိသော  အကြောင်းအရာများကို  အပြန်အလှန်  ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

မြို့ပြန်/ဆက်