ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငဖဲနှင့်စေတုတ္တရာမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများလိုက်ပါကာ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။