သနပ်ပင်မြို့နယ် စည်ပင်သာယာ‌‌ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

သနပ်ပင်  ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်  စည်ပင်သာယာရေးဈေးအတွင်း  ဈေးဆိုင် ခန်းများအား  မီးဘေး ကြိုတင် ကာကွယ်ရေးအတွက်  ပဲခူးခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် ဈေးအကျိုးတော်ဆောင်များ ပူးပေါင်း၍   ယမန်‌နေ့နံနက်ပိုင်းက  မြို့မဈေးအတွင်း အပြင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့သို့စစ်‌ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာဈေးများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်း အပြင် ဖွဲ့စည်းပုံ၊ ဈေးအတွင်းရေထုတ်ယူသုံးစွဲနိုင်မည့် ရေငုတ်များ၊ တည်ဆောက်ထားသော ရေလှောင်ကန်များနှင့် ဆန့်ဝင်ရေပမာဏထုထည်၊ ရေပိုက်များအခြေအနေ၊  လျှပ်စစ်မီးသုံးစွဲမှုမှတ်တမ်း၊  စည်ပင်သာယာရေး ဈေးများ ဌာန၏ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက် နေ့စဉ်မှတ်တမ်းများစသည့် မီးဘေးကြိုတင်ကာကွယ်ရေး နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့သည်။

လှမိုး