ပိုင်ကျုံ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်ချိန်တွင် ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက် တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့ကျန်းမာရေးဦးစီးမှူး ဦးသက်နိုင်စိုးနှင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့်တာဝန်ရှိသူများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်း လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ သူများ အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူများ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၆၂) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)