စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။

ပလောက်မြို့တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလိုက်လံ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေး အတွက်အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက် အတွင်းလှည့်လည်၍ (Hand Speaker) ဖြင့် အသိပေး နှိုးဆော် ကြေညာခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့ ဝင်/ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့အဝင်အထွက် ဂိတ်များ ဖြစ်ကြသည့် နတ်ချောင်းဂိတ်နှင့် ဘိုကလေး-စက်ဆန်းလမ်းဆုံဂိတ်များတွင် ကိုဗစ်-၁၉ကူးစက်ရောဂါအား ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းမြို့တွင် အဆင့်မြင့်ပညာ/ အခြေခံပညာ စွမ်းရည်မြှင့်မွန်းမံသင်တန်းဆင်း ဆရာ/ ဆရာမများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် အဆင့်မြင့် ပညာ/ အခြေခံပညာအဆင့် ဘာသာရပ်ဆိုင်ရာ မွန်းမံသင်တန်းနှင့် စီမံခန့်ခွဲရေးစွမ်းရည်မြှင့် သင်တန်းဆင်း ဆရာ/ ဆရာမမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အဆိုပါကျောင်းများသို့ ယမန်နေ့မွန်းလွဲပိုင်း က သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကျင်းပ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှုမှ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ‌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး၊ ဆေးထိုးမှုရာခိုင်နှုန်း နည်းပါးသည့် ကျေးရွာအုပ်စုများအား အသိပညာပေး ပြောကြားခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်၁၂နှစ်မှ အသက်၆၅နှစ်ကြားရှိ ပြည်သူများအား ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် စဉ်ဆက်မပြတ် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

မိုးညှင်းတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ မိုးညှင်တက္ကသိုလ်တွင် ၂၀၂၁ ခုနှစ်၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာတို့မှ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံလျက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာတို့မှ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to