မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းများစတင် ဖွင့်လှစ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြာ နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ပိုင်းက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။