မိုင်းခတ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉)ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရှိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၉)ဦးသည် နိုဝင်ဘာ ၂၉ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌ ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်း မပြုရန် ၊ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သတိပေးမှာကြားခဲ့ကြောင်း သိရှိရသည်။
မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှ ဒီဇင်ဘာလ၉ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၇၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၅၈)ဦး၊ သေဆုံးသူ(၁)ဦး၊ ဆေးကုသမှုခံယူနေသူ(၁၉)ဦးသာ ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။