တကောင်း ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်လေးကျေးရွာရှိ ဒေသခံပြည်သူများအား သတ်မှတ် စုရပ်တွင်ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ညောင်လေးပင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ် ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေး၍ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှု ကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်ကာ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်းပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ညောင်လေးပင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံသည့် ဒေသခံပြည်သူ (၂၈) ဦး၊ ဒုတိယအကြိမ်ကာကွယ် ဆေးထိုး နှံသူ (၂၂) ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သီရိအောင်(တကောင်း)