မြန်အောင် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည် က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သင်တန်းတွင် လိုက်နာရမည့်စည်းကမ်း ချက် များအား ရှင်းလင်းပြောကြား၍သင်တန်းနည်း ပြဆရာမမှ မိတ်ဆက်စကားပြောကြားခဲ့သည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်ခွင့်ပြုရန် ပုံငွေဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်အောင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ(၉)ရွာမှသင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်၍ သင်တန်းကာလ ရက်(၂၀)တွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိ ရသည်။
ဝင်းဗိုလ်