ထားဝယ် ဒီဇင်ဘာ ၉
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် Zoom Meeting Application အသုံးပြုနည်းသင်တန်းကို ယနေ့ မွန်းလွဲ (၁)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဌာနဝန်ထမ်းများအနေဖြင့် ကဏ္ဍအသီးသီးမှာ လည်ပတ်လျက်ရှိသော လုပ်ငန်း ဆောင်ရွက်ချက်များကို ရပ်တန့်မသွားစေရန်၊ ဝန်ထမ်းအချင်းချင်းအကွာအဝေးကို ပဓာန ထားစရာ မလိုဘဲ လုပ်ငန်းဆောင်တာများကိုအလွယ်တကူ ဆောင်ရွက်နိုင်စေရန်၊ အရေးပေါ်လုပ်ငန်းများကို နည်းပညာအကူအညီဖြင့်Zoom Application ကို အသုံးပြုကာဆက်လက် ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် Zoom Application အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက Zoom ဆိုသည်မှာ ကွန်ပျူတာ၊ ဖုန်း၊ Tablet ရှိရုံနဲ့ အင်တာနက် ရှိသော မည်သည့်နေရာကနေမဆို တစ်ဦးနှင့်တစ်ဦး နီးနီးဝေးဝေး လွယ်လင့်တကူ ဆက်သွယ်နိုင်သော Application တစ်ခုဖြစ်ကြောင်း၊ Zoom Application ကို Android Phone များအတွက်ဆိုပါက Google Play Store နှင့် အခြားသော App Store များတွင်လည်း အလွယ်တကူ Download ဆွဲ၍ရရှိနိုင်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် Zoom Application အသုံးပြု၍ Zoom Account ဖွင့်နည်း၊ Zoom host လုပ်နည်း၊ Zoom host လုပ်ရန် Schedule ဆွဲနည်း၊ Zoom ကို မိုဘိုင်းဖုန်း၊ Desktop/Laptop ကွန်ပျူတာ ဖြင့်အသုံးပြုနည်း၊ Facebook၊ Messenger၊ Viber ၊ Gmail အသုံးပြု၍ ချိတ်ဆက်ဆောင်ရွက်ပုံ၊ Sign In ဝင်ရောက်နည်း၊ Screen Share နည်းများ ပို့ချသွားမည် ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ပြောကြားသည်။
သင်တန်းကို သင်တန်းသား၊ သင်တန်းသူ( ၁၀ )ဦးနှင့် Online မှ Zoom ဖြင့် တက်ရောက်သူ( ၂၀ ) ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
KKL(ထားဝယ်)