မောက်မယ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲနှင့်ခြံများ၌ ပဲတီစိမ်းကိုစိုက်ပျိုးသည့်တောင်သူကပိုများသည်။ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ လင်းခေးခရိုင်စိုက်ပျိုးရေးဉီးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များတို့က ပဲတီစိမ်း မျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင်တောင်သူများ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးသက်နိုင်က ရှင်းလင်းပြောကြားရာတွင် ယခင်ကသီးနှံများတိုးချဲ့ စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် မိုးစပါးကိုလည်းကောင်း ၊ ယာမြေ များတွင် မိုးကြိုနှမ်း စိုက်ပျိုးပြီးလျှင် ပဲတီစိမ်း(သို့)ဆောင်းပဲပုတ်သော်လည်းကောင်း စိုက်ပျိုး ကြခြင်းဖြစ်ရာ မူလသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများကို စိုက်ပျိုးချိန်မီရန် အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းမျိုးအား ယခုအခါတွင် ပဲတီစိမ်း တစ်ပိဿာလျင် ၁၈၀ဝိ/ နှုန်းသာရရှိပြီး စျေးကောင်းရရန် တောင်သူများမျှော်လင့်နေကြောင်း တောင်သူ ဒေါ်နန်းခမ်းထံမှတဆင့် သိရသည်။
စိုင်းမျိုးသန့် ( မောက်မယ်)