မိုးညို ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စုသို့ ယမန်နေ့က ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မကိုင်ဆောင်ဖူးသေးသူများအား နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းရာနေရာများသို့ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲထွဋ်အောင်နှင့် ရဲမှူးဝင်း ကျော်ကျော်လွင်တို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆောင်ရွက် ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၉)ကတ်အား ပြည်သူတစ်ဦးချင်းထံသို့ ပေးအပ်ခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၅၃၇)ခု ပြုလုပ်ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၆၂၇)ကတ်အား ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ထံမှ သိရသည်။
ကိုမင်း(မိုးညို)