တောင်ငူ ဒီဇင်ဘာ ၉
ကလေးငယ်များအား အသိပညာအတတ်ပညာများ ပြည့်စုံလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထ ဖြစ်ပေါ် လာစေရန်နှင့် ငယ်စဉ်မှစ၍စာကြည့်တိုက်ကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် ရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ကလေးစာဖတ်ခန်းအတွင်း၌ ရောင်စုံဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မူလတန်းအဆင့် ကလေးငယ် (၇) ဦးက " ဘူးသီး ကလေးဝတုတ်တုတ် " ကဗျာဖြင့် သီဆိုယှဉ်ပြိုင်ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၌ ကလေးငယ် (၁၄) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပရာကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ဆုရရှိသည့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများ အားလုံးအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ဆွေဆွေမိုး ၊ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသည့် ပြိုင်ပွဲဝင် ကလေးငယ်များ၏ မိဘများက ခရိုင် ပြည်သူ့ စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်များအား ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်ထက်