ရာသီကူးပြောင်း မပေါ့ဆသင့်သော ရာသီတုပ်ကွေးဗိုင်းရပ်စ်အကြောင်း စာဖတ်ဝိုင်းကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၉

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့ စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀နာရီက ရာသီကူးပြောင်း မပေါ့ဆသင့်သော ရာသီတုပ်ကွေး ဗိုင်းရပ်စ်အကြောင်း စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှု့သည့် အလေ့ အထကောင်းများ ရရှိလာစေရေး၊ လူငယ်များအနေဖြင့် အသိပညာဗဟုသုတ မြင့်မားလာစေရေး တို့ကို ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်တို့အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်တွင် ပါဝင်သော ကျန်းမာရေးကဏ္ဍ၊   ကလောင်ရှင် ပေါက်ပေါက် ရေးသားသော ရာသီကူးပြောင်း မပေါ့ဆသင့်သော ရာသီတုပ်ကွေး ဗိုင်းရပ်စ်အကြောင်း အား မြို့နယ်Youth Club အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်တို့ဖြင့် ဖတ်ကြား၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)