မိုးနဲမြို့နယ်အတွင်း ယနေ့မြို့မဈေးကြီး၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကာကွယ်ဆေး မထိုး နှံရ‌‌သေးသူများနှင့် RDT(Test Kit)  နှာခေါင်းတို့ဖတ် မစစ်ဆေးရသေးသူများကို ဈေးကြီးအတွင်း မဝင်ရောက်မှီ စစ်ဆေးပေးလျက်ရှိ

မိုးနဲ  ဒီဇင်ဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ မြို့မဈေးကြီးအတွင်းသို့ ဈေးရောင်းချသူများနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ဈေးအတွင်းမဝင်ရောက်မီ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း နှာခေါင်းတို့ဖတ် RDT စစ်ဆေးပြီးကြောင်း ကတ်ပြားယူဆောင်လာမှသာ ဈေးအတွင်းဝင်ရောက် ဝယ်ယူ ရောင်းချခွင့်ပြုခြင်းတို့အပြင် တစ်ပတ်လျှင် ဈေးကြီးနေ့တစ်နေ့သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးမှုပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ ပူးပေါင်းကြီးကြပ်မှုများဖြင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများကို ဈေးအတွင်း မဝင်‌ရောက်မီ နှာခေါင်းစည်း mask တပ်ဆင်ပြီးမှ ဝင်ရောက်စေခြင်း ၊ ဈေးဝယ်ယူရာနှင့်‌ ရောင်းချရာတွင်လည်း နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ဈေးရောင်းသူဝယ်သူများထံမှ ဝယ်ယူခြင်းရောင်းချခြင်း မပြုပါရန် အစရှိသည့် စည်းကမ်းချက်များနှင့်အညီ ဈေးအဝင်ဝတွင် ပူးပေါင်းစစ်ဆေးလျက်ရှိရာ ဆေးထိုးနှံထားခြင်း မပြုရသေးသူများကိုပါ  ဈေးဝင်းအတွင်း၌ ကာကွယ်ဆေးထိုးနှံပေးခြင်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)