ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများ အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ကြံခင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သော(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဖြစ်ပြီး အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား  တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/)နှုန်းဖြင့် သုံးလစာ(၃၀၀၀ဝိ/)နှုန်း ထောက်ပံ့ငွေများ ပေးခြင်းဖြစ်ပြီး ကြံခင်းမြို့နယ် ကျေးရွာအုပ်စု(၃၅)စုရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၈၉၆)ဦးအတွက် ငွေကျပ် သိန်း(၂၆၈၈၀၀၀၀ိ/)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စာရေးများထံသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်သီတာဦး နှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်သီတာဦးနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် စာရေးများ တတ်ရောက်ခဲ့ကြကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)